ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၄

အောင်ပန်းမြို့တွင် အမျိုးသားတစ်ဦးက ရပ်နေသည့်ကားကိုဆိုင်ကယ်နှင့်ဝင်တိုက်သွားပြီး ဒဏ်ရာရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် မြတ်မနောရှေ့အနီးတွင် အသက်(၂၃)နှစ်အရွယ်ရှိ ကိုကျော်မင်းသိန်းသည် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ(၁၀:၀၀)နာအချိန်တွင် ရပ်ထားသည့်ကားကိုဆိုင်ကယ်နှင့်ဝင်တိုက်ခဲ့ကြောင်းသိရသည်၊၊

“မနေ့ညတော့ သတိရတစ်ချက်မရတစ်ချက်နဲ့ မျက်နှာပွန်းပဲ့ဒဏ်ရာနဲနဲဘဲရတာရယ်၊ နားထဲသွေးနဲနဲထွက်ယုံဘဲဗျ”ဟု အောင်ပန်းလူနာကူညီရေးအသင်းက ပြောသည်၊၊

ဒဏ်ရာရသည့် ဆိုင်ကယ်မောင်းသူအား အောင်ပန်းနာရေးကူညီမှုအသင်းက အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊

ယနေ့မနက်ပိုင်းတွင် သတိပြန်ရလာပြီး စကား ပြန်ပြောနိုင်ခြင်းနှင့် အခြေနေကောင်းလာကြောင်းသိရသည်၊၊

PPV009
#မှုခင်း
#အောင်ပန်းမြို့

Leave a Reply

Your email address will not be published. Required fields are marked *