ခမ်းသားငေါဝ်း
ဇူလိုင် ၁၇၊ ၂၀၂၄

ပင်လောင်းတွင် ဆန်အညံ့ဆုံးကို တစ်ပြည် ၅ ထောင် ၅ ရာအထိစျေးမြှင့်တက်ပြီး အခြေခံလူတန်းစားများအတွက် အခက်ခဲဖြစ်ပေါ်နေကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ကျေးရွာဖက်များတွင် ဇူလိူင်လအတွင်း၌ ဆန်အညံံ့ဆုံးကိုတစ်ပြည် ၅ ထောင် ၅ ရာထိစျေးမြှင့်တက်နေသဖြင့် အခြေခံလူတန်းစားများ အခက်ခဲဖြစ်ပေါ်နေရသည်။

“နေ့စားတစ်နေ့ကို ၈ ထောင် ၁ သောင်းဘဲရတယ်။တစ်ရက် နေ့စားလိုက်ရင် ဆန်နှစ်ပြည်တောင်မရဘူး။ ကလေးများတဲ့မိသားစုဆို အရမ်းအဆင်မပြေဖြစ်တယ်။ အရင်နှစ်ဆို တစ်ပြည် တစ်ထောင်ကျော်ဘဲရှိသေးတယ်။ဒီနှစ်မ ၅ ထောင်ကျော်ရောက်တယ်”ဟု ပင်လောင်းဒေသခံတစ်ဦးကပြောသည်။

ဆန်အပြင် ဆီ၊ဆား၊ဆေးဝါးနှင့် အိမ်သုံး၊မီးဖိုဆောင်သုံးပစ္စည်းအားလုံးကို ယခင်နှစ်ထက် နှစ်ဆ စျေးပိုတက်လာကြောင်းသိရသည်။

“ထမင်းတစ်မျိုးတည်းစားလည်း မရဘူးလေ။ ဆီ၊ဆားလည်း ဝယ်ရသေးတယ်။ အိမ်မှာ ထမင်းစားရင် ဆီတောင်မသုံးတော့ဘူး။ ကလေးတွေ ကျောင်းသွားရင် သူတို့မျက်နှာမငယ်ရအောင်လောက်ဘဲ သူတို့ထမင်းထုတ်အတွက် ဆီကသုံးပေးတယ်။အိမ်မှာဆိုဖြစ်သလိုဘဲ ချက်စားကြတယ်။ဆီအရမ်းစျေးကြီးတယ်လေ တစ်ခြား ရပ်ရေးရွာရေး အကောက်အခွန်တွေလည်း ရှိနေသေးတော့ အခက်ခဲကပိုပိုလာတယ်။”ဟု၄င်းကဆက်ပြောသည်။

ပင်လောင်းမြို့တဲတွင် ဆန်၊ဆီ၊ဆေးဝါး အပြင် လူသုံးကုန်ပစ္စည်းပစ္စည်းအမျိုးမျိုးကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးကြောင်း သိရသည်။

#PPV005
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#အခြေခံလူတန်းစား
#ဆန်၊
#ဆီ၊
#ဆေးဝါးများ
#ဆန်တပြည်၅ထောင်၅ရာ

Leave a Reply

Your email address will not be published. Required fields are marked *