ခမ်းသားငေါဝ်း
ဇူလိုင် ၁၇ ၊ ၂၀၂၄

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား ၅ ဦး ရိုက်နှက်ခံရ၊ တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်များစွာဖြင့် အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့ ညနေ တန်းပိတ်ချိန်တွင် ထောင်ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်သည့် ဝန်ထမ်း ၂၀ ခန့်သည် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုလွမ်းဝေအောင်၊ ကိုအောင်ဇော်မင်း၊ ကိုညီညီ၊ ကိုဇာနည်အောင်နှင့် ကိုနန္ဒလင်းအောင်တို့အား အင်အားသုံးလာရောက်ခေါ်ဆောင်ခဲ့သည်။

လာရောက်ခေါ်ဆောင်ချိန်တွင် အကျဉ်းဦးစီးဌာနဘက်မှ ခိုင်မာသည့်အကြောင်းပြချက်မပေးဘဲအတင်း ဆွဲခေါ် ထုတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေမှ ပြန်လည်ရုန်းထွက်ခဲ့သဖြင့်လေးခွ၊ နံပါတ်တုတ်များဖြင့် ရိုက်နှက်ကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း PPNM က ဆိုသည်။

ခေါ်ဆောင်ရိုက်နှက် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးအား ထောင်အာဏာ ပိုင်များမှ ထောင်ဝင်စာဧည့်တွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေကိုပါ ပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရသည်။

ထို့အပြင်အဆိုပါ နိုင်ငံရေးအကျဉ်းသား ၅ ဦးအား ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)/ နဲ့ လာရောက်ခေါ်ဆောင်ချိန်တွင် အသာတကြည်မလိုက်ပဲခုခံသည်ဟုဆိုကာ ပုဒ်မ ၂၂၄ ဖြင့် တရားစွဲဆိုထားပြီး အခြားပုဒ်များနှင့်လည်း မတရား အမှုဖွင့်ထားကြောင်း PPNM ကထုတ်ပြန်ထားသည်။

ထောင်ပိုင်အဖြစ် အကျဥ်းသားများအပေါ်ဖိနှိပ်မှုနှင့် လာဘ်စားရာတွင် နာမည်ကြီးသည့် ချမ်းအေးကျော်သည် ကျိုက်မရောထောင်၏ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် ကျော်ကျော်ဦး၊ ဦးစီးမှူးအဖြစ် ကျော်ဇင်အောင် တို့မှ တာဝန်ယူ၍ နိုင်ငံရေးအကျဥ်းသားများအားဖိနှိပ်လျှက်ရှိကြောင်း သိရသည်။

PPV 003
#လူ့အခွင့်အရေး
#ကျိုက်မရောထောင်
#နိုင်ငံရေးအကျဥ်းသား
#ထောင်တွင်းပုဒ်မ
#PPNM

Leave a Reply

Your email address will not be published. Required fields are marked *