ခမ်းသားငေါဝ်း
ဇူလိုင် ၁၆ ၊ ၂၀၂၄

လွိုင်ကော်မြို့ပြင် နေရာအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက်အချို့နှင့် မြို့ပြင်နေရာများတွင် ထိတွေ့တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေသည်။

”ပန်ကန်းဘက်၊ မိုင်းလုံးဘက် နဲ့ EDC ကျောင်းဖက်မှာတော့ မကြာခနထိတွေ့တိုက်ပွဲဖြစ်တယ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်းရှိတယ်၊ ဒါပေမယ့်အသေးစိတ်ကိုတော့ မထုတ်ပြန်ထားသေးဘူး” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မြို့တွင်းတွင် အခြေအနေငြိမ်နေသေးကြောင်း၊ ပြည်သူအချို့ပြန်နေထိုင်နေသည့်အပြင် လေကြောင်းပစ်ကူတွေကြောင့် မြို့တွင်းထိထိုးစစ်ဆင်ဖို့ရာ အခက်အခဲများရှိနေကြောင်း ၎င်းကဆက်ပြောသည်။

လွိုင်ကော်မြို့တွင် ပုံမှန်အခြေအနေအတိုင်းတည်ငြိမ်အေးချမ်းနေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ဒေသခံပြည်သူအချို့ပြန်လည်နေထိုင်လျက်ရှိကြောင်း သိရသည်။

PPV003
#စစ်ရေး
#လွိုင်ကော်မြို့ပြင်
#တော်လှန်ရေးရဲဘော်
#တိုက်ပွဲဖြစ်
#ပန်ကန်း

Leave a Reply

Your email address will not be published. Required fields are marked *