ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့ အမှတ် ၁၁ အခြေခံ စစ်လေ့ကျင့်ရေးတပ်အား ကိုးကန့်တပ် MMDAA က သိမ်းပိုက်ရရှိခဲ့ပြီး ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ၊တပ်မိသားစုဝင်များ၊အမျိုးသမီးများကိုပြန်လွှတ်ပေး ကြောင်းသိရသည်။

လားရှိုးမြို့ ရှန်ခိုက်အကျော်ခိုက်တွေကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်ဘ၁၁ အ‌‌ ခြေခံ လေ့ကျင့် ရေးတပ်ကို ကို့ကန့်တပ်က ဇူလိုင်လ(၁၂)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ ပြန်လွှတ်ပေးသည့် ဗီဒီယိုဖိုင်ကို ကို့ကန့်၏ တရားဝင်Facebook စာမျက်နှာ”The Kokang”တွင်ဖော်ပြထားသည်။

ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ ၊စစ်မိသားစုဝင်များ၊ အမျိုးသမီးနှင့် ခလေးများကို ပြန်လည်နေရာချထား ပေး ကြောင့်လည်း ဖော်ပြထားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များက အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီးနောက်ပိုင်းတွင် စစ်ကောင်စီဖက်မှ အင်အား‌‌ဖြည့်လာနေပြီး ဆက်လက်ထိုးစစ်ဆင် နေကြောင်းသိရပါသည်။

#PPV008
#စစ်ရေး
#လားရှိုး
#စစ်သုံ့ပန်း
#MNDAA
#တပ်မိသားစုဝင်

Leave a Reply

Your email address will not be published. Required fields are marked *