ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲဖြစ်ပွားသည့် ၅ လကျော်အတွင်းတွင် ကလေးနှင့်အမျိုးသမီးအပါအဝင်အရပ်သား ၉၆ ဦးသေဆုံးသွားခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားသည့် ၁၅၆ ရက်အတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် အရပ်သား ၉၆ ဦးသေဆုံးပြီး ၁၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများသည် စစ်ကောင်စီလက်နက်ကြီး၊ဒရုန်း၊လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုနှင့် ဖမ်းဆီးခံရပြီး အသတ်ခံရခြင်းတို့ကြောင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။

သေဆုံးသူထဲတွင် အမျိုးသား ၆၆ ဦး၊အမျိုးသမီး ၇ ဦး၊ကလေး ၁၆ ဦးနှင့် အတည်မပြုနိုင်ခြင်း ၇ ဦးတို့ပါဝင်ကြောင်းသိရသည်။

တိုက်ပွဲအတွင်းတွင် အရပ်သားနေအိမ် ၁၀၃၅ လုံး၊ဘာသာရေးအဆောက်အဦး ၃၀ လုံး၊စာသင်ကျောင်း ၁၄ လုံး၊လမ်းတံတား ၄ ခု၊ ဆေးရုံ၊ ဆေးခန်း ၄ ခု၊စျေး ၁ ခုတို့လည်း လက်နက်ကြီး၊လေကြောင်းဗုံး ထိမှန်ပျက်စီးခြင်းနှင့် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ယခုတွင်တိုက်ပွဲဖြစ်ပွားမှုရှိနေဆဲဖြစ်သောကြောင့်ရှမ်းတောင်တွင် ဒေသခံ ၆၇၈၀၀ဘစစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပြောထားပါသည်။

#PPV005
#လူ့အခွင့်အရေး
#ရှမ်းတောင်
#ပင်လောင်း
#ဆီဆိုင်
#ဟိုပုံး
#ရပ်စောက်
#ညောင်ရွှေ

Leave a Reply

Your email address will not be published. Required fields are marked *