ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၄

မြောက်ပိုင်းမဟာမိတ်ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ရဲ့ (၂၁) ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင်ခြင်းကြောင့် တစ်ဖက်သတ် အပစ်ရပ်ဖို့ ကြေညာထားသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ် ခမရ- ၅၀၁၊ ၅၀၂ တပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တအာင်းတပ်မတော် TNLA နှင့်တိုက်ပွဲဖြစ်ပွားခဲ့သလို နတ်တောင်အနီးတဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်လေးရွာတွင်လည်း မနေ့က နေ့လည်မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရသည်။

ထို့အပြင် တိုက်ပွဲမဖြစ်ပွားတဲ့ နောင်ချိုမြို့နယ် နောင်အောရွာနဲ့ သဲခေါ်ရွာကိုလည်း ဘန်ဘွေးအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရသည်။

ရေ၀င်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းကို မနေ့ ညပိုင်းက လက်နက်ကြီးနဲ့ (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်စွဲထားတဲ့ မိုးကုတ်ဗျူဟာကုန်းကနေ ရေအေးရပ်ကွက်နဲ့ ပန်းမရွာကို မနေ့ညပိုင်းက လက်နက်ကြီးနဲ့ စုစုပေါင်း(၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *