ခမ်းသားငေါဝ်း
ဇူလိုင် ၁၅၊ ၂၀၂၄

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဇူလိုင်လ (၁၄)ရက်မှစပြီး လေးရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၃) ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ကျောက်မဲမြို့တွင်ဇူလိုင်၁၅ ရက်ညနေ ၃ နာရီအချိန်က စစ်ကောင်စီမှ လက်နက်ကြီး အလုံး(၃၀)ခန့်ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင်အထက်ကျေးရွာနေ အဖွားအို (၁)ဦးထိမှန်သေဆုံးသွားသည်။

အလားတူ ကျောက်မဲမြို့ ရပ်ကွက် (၉)တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် အရပ်သား (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သိန္နီမြို့ လမ်းဆုံတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

တိုက်ပွဲ (၂၁) ရက်နေ့အတွင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆၇) ဦးသေဆုံးပြီး (၁၀၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

#PSLF/TNLA
#humanright
#ကျောက်မဲ
#လက်နက်ကြီး
#အရပ်သားသေဆုံး
#ppv002

Leave a Reply

Your email address will not be published. Required fields are marked *