ခမ်းသားငေါဝ်း
ဇူလိုင် ၁၅၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ကြားဝင်စေ့စပ်မှုအရ ဇူလိုင်လ ၁၄ ရက်နေ့ည ၁၂ နာရီမှ ဇူလိုင်လ ၁၈ ရက်အထိ လေးရက်ကြာ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ကိုးကန့်တပ်မတော် MNDAA ကထုတ်ပြန်ကြေညာထားသည်။

တရုတ်နိုင်ငံတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးရှိသည့်အတွက်ကြောင့် MNDAA က ထိုးစစ်ရပ်နားထားခြင်းဖြစ်ကြောင်းသိရသည်။

MNDAAတပ်ဖွဲ့ဝင်အားလုံးသည် ထိုးစစ်ရပ်နားရမည့် အမိန့်ကို လိုက်နာရမည်ဖြစ်ပြီး စစ်ကောင်စီဖက်က တိုက်ခိုက်လာပါက တန်ပြန်ခုခံတိုက်ခိုက်ခွင့်ရှိကြောင်း သိရသည်။

MNDAAတပ်ဖွဲ့က အပစ်အခတ်ယာယီရပ်စဲမည်ဟု ကြေညာထားပြီးနောက်ပိုင်းတွင် တအောင်းအမျိုးသားရေးတပ်မတော် (PSLF/TNLA)က ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲမည့်အကြောင်းကို သဘောတူညီခဲ့ကြောင်း ပြောဆိုထားသည်။

ထို့အပြင် ၄ ရက်တာ အပစ်အခတ်ရပ်စဲခြင်းသည် ရှမ်းမြောက်မှာသာ အကျုံးဝင်ပြီး မန္တလေးတိုင်းတွင် အကျုံးမဝင်ကြောင်းလည်း ဗိုလ်ချုပ်တာဘုန်းကျော်က AFP သတင်းဌာနတွင် ပြောထားသည်ကို တွေ့ရသည်။

#PPV008
#စစ်ရေး
#အပစ်အခတ်ရပ်ဆဲရေး

Leave a Reply

Your email address will not be published. Required fields are marked *