ခမ်းသားငေါဝ်း

ဇူလိုင် ၁၅၊ ၂၀၂၄

ပင်လောင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ ဦးနှင့် သုံးစွဲသူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းတောင်လူငယ်အင်အားစု အမှတ် ၁၀၀၈ တပ်ရင်း SSRY တပ်ရင်း ၁ က ဇူလိူင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ကျေးရွာတစ်ရွာ၌ဇူလိူင်လ ၃ ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ လေးဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ဆိုထားသည်။

ကျေးရွာတွင်လုံခြုံရေးထမ်းဆောင်နေသည့် SSRYတပ်ဖွဲ့များသည် ပုံမှန်မဟုတ်သော လူ ၄ ဦးကို စစ်ဆေးပြီး မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက်ဖမ်းမိသူ လေးဦးကိုဆက်လက်စစ်ဆေစရာမှ မူးယစ်ဆေးဝါးရောင်ဝယ်သူနှင့် ဆေးပြား၂၀၀၀ ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူ ၄ ဦးနှင့်အတူ ရောင်းချသူကို ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု အမှတ် ၁၀၀၈(SSRY) တပ်ရင်းမှ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့သို့ ဇူလိူင်လ ၄ ရက်နေ့တွင် လွဲပြောင်းပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောထားပါသည်။

#PPV005
#မှုခင်း
#ပင်လောင်း
#ရှမ်းတောင်လူငယ်အင်အားစု

Leave a Reply

Your email address will not be published. Required fields are marked *