ခမ်းသားငေေါဝ်း
ဇူလိုင် ၁၄၊ ၂၀၂၄

ပင်လောင်းတိုက်ပွဲအတွင်း ဆောင်းပြောင်းဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဇူလိူင်လ ၁၄ ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ဆောင်းပြောင်း ကျေးရွာရှိ ဘုန်ကြီးကျောင်းကို ဇူလိူင်လပထမပတ်အတွင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရကြောင်း သိရသည်။

“ဇူလိူင်လ ၇၊ ၈၊ ၉ ရက်ကတစ်ရက်ရက်ဖြစ်တယ်။ စစ်ကောင်စီလက်နက်ကြီးနဲ့လား လေကြောင်းနဲ့လားဆိုတာတော့သေချာမသိရဘူး။ အဲသုံးရက်က လေကြောင်းယော ၊လက်နက်ကြီးယော အပြင်းအထန်တိုက်တဲ့ရက်ဆိုတော့ဘယ်သူ့မှ ဝင်မကြည့်ရဲဘူး။ ခုတိုက်ပွဲပြန်ငြိမ် ပြန်ကြည့်တော့ပျက်စီးနေပြီ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဆောင်းပြောင်းကျေးရွာသည် ဇူလိူင်လ ၃၀ ရက်နေ့ကစပြီး တော်လှန်ရေးအဖွဲ့များ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

PNOပြည်သူ့စစ်မှ ပြောရေးဆိုခွင့်ရှိသူခွန်ဆန်းအောင်က ဇူလိူင်လ ၁၀ ရက်နေ့တွင် PNOပြည်သူ့စစ်မှ ဆောင်းပြောင်းကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ၄င်း၏လှုမှုကွန်ရက်တွင် ပြောထားသည်။

ယခုတွင် စစ်ကောင်စီဖက် လက်နက်ကြီးပစ်ခတ်မှုရှိနေသေးသောကြောင့် ဒေသခံများကလည်း နေအိမ်ပြန်မလာနိုင်သေးဘဲ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

#PPV005
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းဘုန်းကြီးကျောင်း
#လက်နက်ကြီး
#လေကြောင်း

Leave a Reply

Your email address will not be published. Required fields are marked *