ခမ်းသားငေါဝ်း

ဇူလိုင် ၁၅၊ ၂၀၂၄

နမ်းဗွန်ကျေးရွာအနီးတွင် PNO ပြည်သူ့စစ် နှစ်ဦးပစ်သတ်ခံရကြောင်း ဇူလိူင်လ ၁၅ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် နမ်းဗွန်ရွာအနီးတွင် ဇူလိူင်လ ၁၄ ရက် မနက် ၁၁ နာရီအချိန်တွင် PNO ပြည်သူ့စစ် တပ်သားနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

“ဆိုင်ကယ်မောင်းရင်း ပစ်ခတ်ခံရပြီး သေသွားတာ။နှစ်ဦးစလုံးက သာယာကုန်းရွာက PNO စစ်သားတွေဖြစ်တယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခု PNO ပြည်သူ့စစ် တပ်သားနှစ်ဦး ပစ်သတ်ခံရမှုသည် ပျားစစ်ကြောင်းတပ်ဖွဲ့ကပြုလုပ်ကြောင်း သိရသည်၊၊

“ထီရီးယော၊ နမ်းဗွန်ယော နေ့ဖက်ဘဲ တောင်ယာ ပြန်လုပ်တယ်။ ညဖက်တော့ အဝေးသွားအိပ်ကြတယ်။ရွာထဲ PNO စစ်ကောင်စီ လာနေတယ်”ဟု ၄င်းကဆက်ပြောသည်။

နမ်းဗွမ်ကျေးရွာတွင် ယခုသည် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် တပ်စွဲနေထိုင်နေသဖြင့် ရွာသားများလည်း နေ့ဖက်တွင်သာစားဝတ်နေရအရ တောင်ယာပြန်လုပ်ကြကြောင်း သိရသည်။

နမ်းဗွန်ကျေးရွာသည် ဖယ်ခုံ-ညောင်ရွှေ-ပင်လောင်းနယ်စပ်တွင်ရှိပြီး ရွာအနီးတွင် တိုက်ပွဲ မကြာခနဖြစ်ပွားသောနေရာလည်းဖြစ်ကြောင်း သိရသည်။

#PPV005
#စစ်ရေး
#မှုခင်း
#ညောင်ရွှေမြို့နယ်
#နန်းဗွန်ကျေးရွာ

Leave a Reply

Your email address will not be published. Required fields are marked *