ခမ်းသားငေါဝ်း
ဇူလိုင် ၁၅၊ ၂၀၂၄

ဆောင်းပြောင်းနှင့်ကောင်ဗာရွာထဲရှိ ကုန်စုံဆိုင်များနှင့်ပြည်သူနေအိမ်များတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပစ္စည်းများအား ခိုးယူသယ်ထုတ်နေကြောင်း ဒေသခံထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းနှင့်ကောင်ဗာရွာရှိ ဒေသခံနေအိမ်များနှင့် ကုန်စုံဆိုင်များအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကဖောက်ပြီး စားစရာနှင့်အခြားသောပစ္စည်းများ ခိုးယူသယ်ထုတ်နေကြောင်းသိရသည်၊၊

“အိမ်ကပစ္စည်းတွေ မွှေနှောက်ခံရတယ်၊ ဘုရားရုပ်ထုတွေ ဗီရိုတွေ လမ်းလယ်ခေါင်မှာလည်း ပြန့်ကျဲနေတာ”ဟု ဒေသခံတစ်ဦးကပြောသည်၊၊

အိမ်များအပြင် ကုန်စုံဆိုင်ရှိအရက်၊ ဘီယာ၊ အချိုရည်နှင့် မုန့်စသည့်စားသောက်ကုန်ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်းသိရသည်၊၊

နောက်ဒေသခံတစ်ဦးကလည်း “ကင်းစောင့်တဲ့နေရာမှာဆိုရင် အရက်နဲ့စားစရာတွေ စားသောက်လို့တောင်မကုန်ဘူး”ဟု ပြောသည်၊၊

ဆောင်းပြောင်းတွင် စစ်ကောင်စီနှင့် PNO ကပြန်လှည်ထိန်းချုပ်ထားပြီး နမ်းနိန်းနှင့်ဆောင်းပြောင်းအနောက်ဘက်ရွာတို့တွင် ဒေသခံများပစ္စည်း ပြန်သယ်တာမျိုး မလုပ်နိုင်ရန် ချိတ်ဆက်ထားသည့်လမ်းများအား ပိတ်ပြစ်တာမျိုးရှိကြောင်း သိရသည်၊၊

PPV009
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်

Leave a Reply

Your email address will not be published. Required fields are marked *