ခမ်းသားငေါဝ်း
ဇူလိုင် ၁၅ ၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲဝင်များအားလုံး လိုက်နာရမည့် လမ်းညွှန်ချက်များကို ဇူလိုင်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ဆင်ရေးကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်(၂၈)ချက်ကို အပိုင်း(၃)ပိုင်းခွဲ၍ ထုတ်ပြန်ထားပြီး မြို့ ရွာများသိမ်းပိုက်ထိန်းချုပ်ရာတွင် အရပ်သားများအား ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား အနိုင်အထက်ပြုသိမ်းယူခြင်း၊ စစ်မြေပြင်တွင် ပြည်သူ့ ပစ္စည်းယူသုံးပါက တန်ရာတန်ကြေးပေးရန်နှင့် ပြည်သူများအပေါ် ငွေကြေးကောက်ခံခြင်း မပြုရန် စသည့်အချက်များလည်း ပါဝင်သည်။

ထို့အပြင် ပြည်သူ့ဆက်ဆံရေးဆိုင်ရာလမ်းညွှန်ချက်နှင့် အရေးအပေါ်အခြေအနေတွင် လိုက်နာရမည့် လမ်းညွှန်ချက်တို့ကိုလည်း ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် လက်ရှိတွင် ရှမ်းမြောက်၌ TNLA နှင့်ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေပြီး မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်နှင့် စဉ့်ကူးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

PPV0010
#စစ်ရေး
#မန္တလေး

Leave a Reply

Your email address will not be published. Required fields are marked *