ခမ်းသားငေါဝ်း

ဇူလိုင် ၁၄၊ ၂၀၂၄

နမ့်စန်တွင် လက်နက်ခဲယမ်းနှင့်အတူ တပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီ ဖမ်းမိပြီး ယင်းတပ်သားများသည် ခွင့်ယူစဉ် အဖွဲ့အစည်းစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး လက်နက်ရောင်းဝယ်ခြင်းကို ပြုလုပ်ခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့တွင် ပြန်လည်ရှင်းလင်းထုတ်ပြန်ထားသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ဇူလိုင်လ ၁၂ ရက်နေ့တွင် န့မ်စန်လမ်းဘက်ကနေမှ ကယားပြည်နယ်သို့ သွားသည့်လမ်းတွင် လက်နက်ခဲယမ်းများကို သယ်ဆောင်လာသည့် RCSSတပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်အချိန်တွင်RCSSတပ်သား ၅ ယောက်နှင့်အတူ လက်နက်မျိုးစုံ ၁၅ လက် ၊ကျည်မျိုးစုံ ၄၃၇၆၅ တောင့် ၊ဗုံးသီးမျိုးစုံ ၄၅၀ခု ၊လွယ်ကျိုး ၁၅ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောထားသည်၊၊

RCSSသည် တရားမဝင်သည့် လက်နက်ခဲယမ်းနှင့် မီးကျောက်များကို အဖွဲ့အစည်းအတွင်း ရောင်းဝယ်ခြင်းမလုပ်ရန်လည်း တင်းတင်းကြပ်ကြပ် စည်ကမ်းချမှတ်ထားကြောင်းလည်း ပြန်လည်ရှင်းလင်းထားပါသည်။

RCSSသည်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့်လည်း မကြာခဏတွေ့ဆုံမှုရှိနေကြောင်း သိရသည်။

#PPV005
#စစ်ရေး
#လက်နက်ရောင်းဝယ်
#RCSS
#စည်းမျဥ်းစည်းကမ်း

Leave a Reply

Your email address will not be published. Required fields are marked *