ခမ်းသားငေါဝ်း
ဇူလိုင် ၁၄၊ ၂၀၂၄

စစ်ကောင်စီ မင်းအောင်လှိုင်တပ်ရှိ တပ်နယ်အားလုံးမှ အလင်းဝင်သူများအား MNDAA တပ်မတော်က ဆုငွေချီး မြှင့်ပေးကြောင်း MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်နိုင်ငံရေးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်တွင် ကိုယ့်ဆန္ဒအလျောက် လက်နက်ချပြီး အလင်းဝင်လာသည့်သူများအတွက် လူသားချင်းစာနာသည့် ဆက်ဆံရေးများပေးပြီး အသက်အာမခံချက်အပြည့်အဝပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီစစ်သည်များ အလင်းဝင်လာသည့်သူများအတွက် ငွေကျပ် ၁၀ သိန်းနှင့် လက်နက်နဲ့တကွ အလင်းဝင်လာသူအား ငွေကျပ် ၁၅ သိန်းချီး မြှင့်ပေး ခြင်းနှင့် ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိစစ်သားအတွက် ငွေကျပ် ၂၀ သိန်းနှင့် လက်နက်နဲ့တကွအလင်းဝင်လာသူတွက် ကျပ်ငွေ ၂၅ သိန်ချီးမြှင့်ပေးကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဗိုလ်မှူးမှဗိုလ်မှူး ကြီးအဆင့်ရှိအလင်းဝင်လာသူအတွက် ငွေကျပ် ၃၀ သိန်းနှင့် လက်နက်နှင့် တကွအလင်းဝင်လာသူအတွက်ငွေကျပ် ၃၅ သိန်းချီးမြှင့်ပေး သည့်အပြင် အလင်းဝင်လာပြီးသူသည် စစ်ကောင်စီတပ်ရှိ တာဝန်ထမ်းဆောင်သူများအား ဝါဒဖြန့်ခြင်း၊ စည်းရုံးခြင်းဖြင့် အလင်းဝင်သူရှိလာပါက ဆောင်ရွက်ပေးသူတို့အား ထပ်မံဆုငွေ ချီး မြှင့်ပေးမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

PPV009
#စစ်ရေး
#အလင်းဝင်လာသူအားလုံး
#MNDAA
#ဆုချီးမြှင့်
#ဆုငွေ

Leave a Reply

Your email address will not be published. Required fields are marked *