ခမ်းသားငေါဝ်း
ဇူလိုင် ၁၃၊ ၂၀၂၄

KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်လိုက်သည်။

၂၀၂၄ ခုနှစ် ပထမ ၆ လတာ တိုက်ပွဲများအတွင်း ဖြစစ်ကောင်စီတပ်သား ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းပြောဆိုထားသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်းကို စစ်တပ်ကကျူးကျော်ဝင်ရောက် တပ်စွဲထားခြင်းကြောင့် စစ်ကောင်စီ တပ်သားများနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၁၈၂၇ ပွဲခန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၈၁ ဦး ကျဆုံးခဲ့ရပြီး ၂၉၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

#ppv002
#KNU
#တိုက်ပွဲသတင်း

Leave a Reply

Your email address will not be published. Required fields are marked *