ခမ်းသားငေါဝ်း
ဇူလိုင်၁၃၊၂၀၂၄

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှကြောင့် အရပ်သားပြည်သူ ၅၈ ဦးအထိသေဆုံးခဲ့ရပြီဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီက အရပ်သားများကို ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၁၀၀) နီးပါးထိခိုက်ပျက်စီးပြီး ပြည်သူ ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည်။

ဇူလိုင် ၁၂ ရက်နေ့က လားရှိုးမြို့ ရပ်ကွက်(၈) ရှိနေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီလက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက် ၁၀ ထင်းရှူးမြိုင်အိမ်ယာအနီးတဝိုက်တွင် လည်း လက်နက်ကြီး ၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ထို့အပြင် ယင်းနေ့ နံနက်ပိုင်းတွင် ကိုးကန့်(MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင်လည်း စစ်ကောင်စီလေကြောင်းမှ ဗုံး ၃ လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမှတ်(၁) အထက်တန်းကျောင်း၊ ပညာရေးမှူးရုံး၊ မူလတန်းကျောင်းပျက်စီးခဲ့ရသည်။

ဇူလိုင် ၁၁ ရက်နေ့တွင်လည်း လားရှိုးမြို့ ရပ်ကွက်(၁)(၁၀)(၈) တို့တွင် စစ်ကောင်စီလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦးထိမှန်ပြီးသေဆုံးခဲ့ရသလို နေအိမ် တစ်လုံးမီးလောင်ပြာကျသွားခဲ့ကြောင်းသိရသည်။

#ppv002
#khamsarngor
#humanright
#ပြည်သူသေဆုံး
#၁၀၂၇

Leave a Reply

Your email address will not be published. Required fields are marked *