ခမ်းသားငေါဝ်း
ဇူလိုင် ၁၃၊ ၂၀၂၄

လွယ်မောကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၀ ရက်နေ့မှစပြီး PNOပြည်သူ့စစ်က လူဦးရေ ၁ ထောင့် ၇ ရာကျော်အား ၅ ရက်စစ်သင်တန်းပေးနေကြောင်း ဒေသခံထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ် တီကျစ် မြို့အရှေ့ဘက်ရှိ လွယ်မောကျေးရွာအုပ်စုအတွင်း ဟိုပုံကိုရင်းလေးသာသနာလုံခြုံရေး ကဒ်ရှိသူများနှင့် ဒေသခံ ၁၇၅၅ ဦးအား နောင်တရား၊ တပေါင်းကွင်းထဲတွင် PNO ပြည်သူ့စစ်က ၅ ရက်စစ်သင်တန်းစပေးနေကြောင်းသိရ သည်၊၊

“တာဝန်အရ ကိုယ့်တိုင်းပြည်ကာကွယ်တာပါ၊ငါတို့ပအိုဝ်းကို သူများတွေမတရားလုပ်တယ် ရွာတွေဖျက်ဆီးကုန်တယ် မကျေနပ်လို့ ပြန်တိုက်ကြမယ်ဆိုပြီးလေ့ကျင့်သင်ကြားပေးနေတယ်”ဟုဒေသခံတစ်ဦးက ပြောသည်၊၊

သင်တန်းအား ၅ ရက်တက်ရောက်ရပြီး တစ်ရက်ပျက်ကွက်သူများအနေနှင့် ဒဏ်ငွေ ၅ သောင်းပေးဆောင်ရကြောင်း၄င်းကဆက်ပြောသည်၊၊

လွယ်မောကျေးရွာအုပ်စုရှိ မိုးနဲ၊ ဝါးတော၊ မင်းရွာ၊နောင်ကျော့၊ တဗူး၊ တရုတ်တောင်၊ စိန်ပန်း၊ကွေ့တောင်၊ ထီဂနိုင်၊ နောင်ဝို၊စိန်တောင်၊လယ်ကြားစသည့် ကျန်ရှိကျေးရွာများနှင့်ရွာပေါင်း၂၄ ရွာတက်ရောက်ကြကြောင်း သိရသည် ၊၊

PPV009
#လူ့အခွင့်အရေး
#ပင်လောင်း

Leave a Reply

Your email address will not be published. Required fields are marked *