ခမ်းသားငေါဝ်း
ဇူလိုင်၁၃၊ ၂၀၂၄
လားရှိုး -မန္တလေးလမ်းပေါ်ရှိ ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို TNLAနှင့် DPLA ပူးပေါင်းအဖွဲ့က သိမ်းပိုက် နိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
နောင်ချိုမြို့ နောက်ဆုံးခံတပ် ဒုံးတပ်(၆၀၆)တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂုတ်ထိပ်/ ဂုတ်တွင်းစခန်းထံ ထွက်ပြေးသွားကာ လိုက်လံရှင်းလင်းရာမှသိမ်းဆည်းရမခြင်းဖြစ်ကြောင်း PSLF/TNLA က ဆိုသည်။
ထိုဒီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့်အတူ လက်နက် ၁၅ လက်၊ RPG နှစ်လက်၊ ငါးကြင်းမှီး တစ်လက်၊ ၆၀ မမ နှစ်လက်တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ထိုစခန်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးကြိမ်၊ Mi-35 လေးကြိမ်နဲ့ Y-12 ဖြင့် ဗုံး ၆၀ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သလို ကျောက်မဲမြို့ရှိ ၅၀၁ တပ်စခန်းမှ လက်နက်ကြီး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟုလည်းပြောဆိုထားသည်။
ထို့အပြင် နောင်ချိုမြို့၊ နောင်အောရွာအနီးတဝိုက်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဇွန် ၂၅ မှ ဇူလိုင် ၁၂ ရက်အထိ ၁၈ ရက်တာကာလအတွင်း စစ်ကောင်စီမှ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ၅၈ဦး သေဆုံးခဲ့ပြီး ၈၀ ကျော်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ဝ နီးပါးထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်များအရ သိရသည်။
#ppv002
#ဂုတ်ထိပ်ဂုတ်တွင်း
#နောင်ချို
#ရှမ်းမြောက်
#တိုက်ပွဲ