ခမ်းသားငေါဝ်း
ဇူလိုင် ၁၃၊ ၂၀၂၄

စစ်မှုထမ်းစာရင်းကောက်ရာတွင် ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းရန်စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌပြောဆိုလိုက်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာကဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ လုပ်ငန်းညှိနှိင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ကို ဇူလိုင်၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ထိုသို့ပြောဆိုလိုက်သည်။

ထို့အ​ပြင် အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများ မပါရန်ကိုလည်း တိတိကျကျထိထိရောက်ရောက်လုပ်ဆောင်ရန် စစ်ကောင်စီ ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း က မှာကြားထားကြောင်းသိရသည်။

မြေပြင်တွင်ကျေးရွာအလိုက် စစ်မှုထမ်း စာရင်းကောက်ယူရာတွင် သားသမီး မရှိ၍ မိဘက အသက်ကျော်လွန်သော်လည်း ကိုယ်စားသွားနေရကြောင်းဒေသခံများထံသိရသည်။

ထိုသို့ဖြစ်ပေါ်ခဲ့သော်လည်းပြည်သူများအနေဖြင့် မည်သူကိုအားကိုးပြီး တိုက်ကြားရမည်မသိ စစ်မှုထမ်းဆက့်ခေါ်ရေးဗဟိုအဖွဲ့ကလည်း တိုင်ကြားနိုင်ရန်ပြောဆိုထားခြင်းမရှိကြောင်းသိရသည်။

လက်ရှိချိန်တွင် တိုက်ပွဲ များလက်လက်ပြင်းထန်လာပြီး ပြည်သူများအနေဖြင့် ဘယ်သူမှစစ်မှုမထမ်းလိုဘဲ ငွေကြေးဖြင့်လူငှားထည့်ပေးရခြင်းရှိသလို မသွားမနေရသွားရသည့်သူများလည်းရှိကြောင်းတောင်ကြီးဒေသခံတစ်ဦး ထံသိရသည်။

စစ်ကောင်စီက စစ်မှုထမ်း ဥပဒေ အတည်ပြုပြီးနောက် စစ်မှုထမ်းသင်တန်း ၃ ကြိမ်ပေးပြီးပြီဖြစ်ကြောင်းသိရသည်။

#ppv002
#ပြည်သူ့စစ်မှုထမ်း
#ဥပဒေ
#humanright
#စစ်ကောင်စီ

Leave a Reply

Your email address will not be published. Required fields are marked *