ခမ်းသားငေါဝ်း
ဇူလိူင် ၁၂၊ ၂၀၂၄

လားရှိုးမှ တောင်ကြီးသို့ ကားစီးလျှင် ယာဉ်စီးခဈေးအဆမတန်မြှင့်တက်လာသဖြင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း တိုက်ပွဲကြောင့် စက်သုံးဆီများဝယ်ယူရန်အခက်အခဲဖြစ်နေ ပြီး ကုန်ဈေးနှုန်းမြင့်တက်နေမှု​ ကြောင့် ကားခများအဆမတန် မြင့်တက်လာရခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းထိ ဈေးပေါက် နေကြောင်းသိရသည်။

“စစ်ပွဲစစဖြစ်တုန်းကဆိုရင်လားရှိုး_တောင်ကြီးဆို ကားခတစ်ယာက် ၂ သိန်း ၃ သိန်းထိရှိတယ် နော‌က်‌တော့ ၇ သိန်း ၈ သိန်း ခုဆိုရင်တချို့ဆိုပြောကြတယ် ၁၀ ဂဏန်းအထိကုန်တယ်တဲ့”ဟု အမည်မ ဖော်လိုသူတစ်ဦးက ပြောသည်။

လမ်းပေါ်တွင်လည်း စစ်ကောင်စီစစ် ဆေးရေးဂိတ်နှင့် အခြားလက်နက်ကိုင်စစ်ဆေးရေးဂိတ်အမြောက်အများရှိ နေပြီး စစ်ကောင်စီစစ်ဆေး ရေးဂိတ်တွင် စစ်ဆေးပြီးပိုက်ဆံ တောင်းခြင်းများပြုလုပ် နေသည်ဟုလည်း ၎င်း ကဆက် ပြောသည်။

လားရှိုးမြို့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်MMDAAတို့အကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ တောင်ကြီး၊ မန္တလေးနှင့် အခြားနီးစပ်ရာမြို့များတွင်တိမ်းရှောင်နကြရကြောင်းသိရပါသည်။

#PPV008
#humanright
#လားရှိုး
#ယာဥ်စီးခတက်
#အခက်ခဲဖြစ်

Leave a Reply

Your email address will not be published. Required fields are marked *