ခမ်းသားငေါဝ်း
ဇူလိုင် ၁၀၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ တပ် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ဇူလိုင် ၁၀ ရက်မွန်းလွဲပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ထံက သိရသည်။

ဇွန်လ ၂၅ ရက်နေ့ကစသည့် ၁၀၂၇ စစ်‌ဆင်ရေး ဒုတိယလှိုင်းအဖြစ်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေး ၁၀ ရက်ကျော်အကြာတွင် နောင်ချိုမြို့ရှိ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို သိမ်းပိုက်ရရှိပြီဟု TNLA သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်လိုက်သည်။

နောင်ချိုမြို့နယ်က အာဏာသိမ်းစစ်တပ်၏ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို TNLAပူးပေါင်းတပ် က တိုက်ခိုက်ရာ စစ်ကောင်စီက ဇူလိုင်လ ၄ ရက် မွန်လွဲပိုင်းတွင် အဆိပ်ငွေ့ဗုံး သုံးလုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။

နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက် ၊လားရှိုး၊ တန့်ယန်းမြို့နယ် နားဆောင်ရွာအနီးတဝိုက်ရှိ မန်ကတ်စခန်းနှင့် မန်ပတ်စခန်းတို့ကို TNLAတပ်က တိုက်ခိုက်ခဲ့သလိုမိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားအနီးတဝိုက်တွင် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA, PLA, MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

#ppv002
#khamsarngor

Leave a Reply

Your email address will not be published. Required fields are marked *