ခမ်းသားငေါဝ်း
ဇူလိုင် ၁၂၊ ၂၀၂၄

ဒီးမော့ဆိုမြို့နယ်ရှိစစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားနေကြောင်းစစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။

ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် ဇူလိုင်လမှ စပြီး ဝမ်းပျက်ဝမ်းလျောရောဂါ စတင်ဖြစ်ပွားခဲ့သည်။

”စစ်ဘေးရှောင်စခန်းတွေမှာက လူတွေအရမ်းများတော့ သန့်ရှင်းမှုအပိုင်းမှာလိုအပ်တာတွေရှိတယ်၊ ဥပမာ ယင်လုံအိမ်သာတွေ၊ သန့်ရှင်းတဲ့ရေရရှိမှုတွေပေါ့၊ ပြီးတော့ ဒီရာသီဥတုက ခြင်၊ယင်တွေအရမ်းပေါတာလေ၊ အဲ့ကနေတဆင့် ကူးစက် ဖြစ်ပွားတာ” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်း ကိုပြောသည်။

စစ်ရှောင်စခန်းတွင် ဆေးပေးခန်းမရှိသည့်အပြင် ဆေးဝါးလုံလောက်မှုမရှိသောကြောင့် ကူးစက်မှု ပိုမိုများလာမည်ကို စိုးရိမ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုစစ်ရှောင်စခန်းတွင် လူဦးရေခန့်မှန်းခြေ ၅၀၀ ဝန်းကျင်ရှိကြောင်းသိရသည်။

ဒီမောဆို မြို့နယ်ရှိစစ်ရှောင်စခန်းအချို့တွင် ဝမ်းရောဂါအပြင်၊ ရာသီတုပ်ကွေး နှင့် အရေပြားရောဂါများလည်း ဖြစ်ပွားနေလျက်ရှိကြောင်းသိရသည်။

#PPV003
#ဒီးမော့ဆို
#စစ်ရှောင်
#ရာသီတုတ်ကွေး

Leave a Reply

Your email address will not be published. Required fields are marked *