ခမ်းသားငေါဝ်း
ဇူလိုင် ၁၃၊ ၂၀၂၄

နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီကြောင့် အသက် ၁၈ နှစ်အောက်ကလေး ၁၄၇ ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သေဆုံးသူများထဲမှ မိန်းကလေး ၅၃ ဦး နှင့် ယောက်ျားလေး ၉၄ ဦး စုစုပေါင်း ၁၄၇ ဦးရှိပြီး ရခိုင်ပြည်နယ်တွင် ၃၇ ဦးဖြင့်သေဆုံးမှုအများဆုံးဒေသ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း သေဆုံးသူ ၁၄၇ ဦးအနက် ၆၉ ဦးမှာ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရပြီး၊ ၅၄ ဦးမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးခဲ့ကြောင်း AAPP ၏အချက်အလက်အရသိရသည်။

ထို့အပြင် အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူ နှင့် ပြည်သူ စုစုပေါင်း ၅၃၈၂ ဦးသေဆုံးခဲ့ရပြီး အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၂၀၀၀ ဝန်းကျင်စရင်းကိုလည်း သီးခြားပြုစုထားကြောင်း AAPP ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *