ခမ်းသားငေါဝ်း
ဇူလိုင် ၉ ၏ ၂၀၂၄

လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်အတွက် ဆန်နှင့်ငွေကြေးပေးနေရသလို နေ့စဉ် ထမင်း၊ ဟင်းထုပ်လည်းပေးနေရကြောင်း ဇူလိူင်လ ၉ ရက်နေ့တွင်ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယမ်၊ ထီတမ်ရွာနှင့် နားခိုက်ရွာတို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ငွေ၊ဆန်ကောက်ခံနေသည့်အပြင် နေ့စဉ်လည်း ထမင်း၊ ဟင်းထုပ်ပေးနေရသည်။

“ဆေးလိပ်ဖိုး၊ ဘီယာဖိုး၊ အရက်ဖိုး၊ ဖုန်းဘေဖိုးကအစပေးရတယ်၊၊ သူတို့က ရွာနားတွေ ရွာထဲတွေ တပ်စွဲနေတာ။ ထမင်းထုပ်ပေးတာကတော့ ထုံးစံတောင်ဖစ်နေပြီ”ဟု ထမ်ယမ်ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ရွာထဲတွင်လည်းကောင်း ရွာပြင်တွင်လည်းကောင်း နေရာအနှံ့နေထိုင်ကြပြီး တချို့အိမ်တွင် တစ်အိမ်သုံးယောက်အလှည့်ကျလာတည်းခိုနေခြင်းများလည်းရှိကြောင်း သိရသည်၊၊

စစ်ကောင်စီနှင့်PNOပြည်သူ့စစ်တို့အတွက် နေ့စဉ်ထမင်းထုတ်ပေးရသည်မှာ သုံးလကျော်ရှိပြီဖြစ်သောကြောင့် ဒေသခံများလည်း ယခုတွင် အခက်ခဲများရှိနေပြီး နာခိုက်ရွာတွင် ရွာသားများကိုထမင်းထုပ်များပို့ပေးရန်မှာထားပြီး မစားပဲဖြုန်းသီးမှုများရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ ၃ ရက်နေ့တွင် ထမ်းယံတိုင်ရွာနေ ခွန်တငွေကို PNO ပြည်သူ့စစ်က ပစ်သတ်ခဲ့ပြီး ခွန်မောင်ပေကိုလည်းဖမ်းဆီးသွားခဲ့သေးကြောင်း သိရသည်။

ဇူလိုင်လာ ၆ ရက်နေ့တွင်လည်း နားခိုက်ရွာသား ၃ ဦးကိုလည်းဖမ်းဆီးပြီ ပစ်သတ်မှုရှိခဲ့ကြောင်း သိရသည်၊၊

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *