ခမ်းသားငေါဝ်း
ဇူလိုင် ၉၊ ၂၀၂၄

ထီခိုးရွာဒေသခံများက စစ်ဘေးတိမ်းရှောင်နေရသောကြောင့် စိုက်ထားသည့်ပြောင်းပင်များ မပြုစုရသဖြင့် မဖြစ်ထွန်းမည်ကို စိုးရိမ်နေရသည်ဟု ဇူလိုင်လ(၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ ထီခိုးရွာဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရပြီး နေအိမ်ပြန်လို့မရသည့်အတွက်ကြောင့် စိုက်ထားသည့်ပြောင်းပင်များ မပြုစုရသဖြင့် ပြောင်ပင်များမဖြစ်ထွန်းမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

“စိုက်ထားတဲ့ပြောင်းပင်ကအခုဆိုရင် များသောအားဖြင့် ဒူးလောက်ရှိနေကြပြီ၊ အခုကဓာတ်မြေဩဇာထည့် ဆေးဖျန်းပေးရမဲ့အချိန်ရောက်နေပြီ ဒါပေမဲ့နေအိမ်ကပြန်လို့မရတော့ ပြောင်းပင်တွေမအောင်မှာကိုလည်းကြောက်တယ်၊ ပြောင်းကအရင်းအနှီးကလည်းများတော့လေ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထီခိုးရွာသည် ဇူလိုင်လ(၃)ရက်နေ့တွင် နယ်မြေမငြိမ်သက်မှုကြောင့် PNO ပြည်သူ့စစ်က ဒေသခံများကို ရွာလုံးကျွတ်(၃)ရက်သာခနတိမ်းရှောင်ခိုင်းခဲ့သော်လည်း ယခုချိန်ထိနေအိမ်ပြန်လို့မရသေးကြောင်း သိရသည်။

နောက်ထပ်ဒေသခံတစ်ဦးက “မနေ့ကနမ်းဗွန်ဘက်ဘုန်းကြီးကျောင်းနားမှာ လက်နက်ကြီးတစ်လုံးကျသေးတယ်၊ တစ်ခြားထိတာတော့မရှိပါဘူး ကျောင်းကအိမ်သာပဲထိလို့တော်သေးတာပေါ့၊ အခုဆိုရင်အဲ့ဘက် ဒေသခံတွေလည်း မနေရဲကြတော့ဘူး တိမ်းရှောင်နေကြပြီ” ဟုပြောသည်။

ကျေးရွာဘုန်းကြီးကျောင်းထဲသို့ လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံအချို့ကလှန့်ပြီး ထွက်ပြေးကြသော်လည်း အချို့ကစိုက်ထားသည့်ပျိုးပင်များမဖြစ်ထွန်းမှာစိုးရိမ်သည့်အတွက် နေ့ဘက်၌အလုပ်ပြန်လုပ်ပြီး ညဘက်တွင်မှသာ တိမ်းရှောင်နေကြကြောင်း သိရသည်။

စံကားအင်းဒေသတောင်ဘက်တွင် နယ်မြေငြိမ်သက်မှုမရှိသည့်အတွက်ကြောင့် စာသင်ကျောင်းများလည်း ယာယီပိတ်ထားနေရသည်ဟု ဒေသခံများကဆိုကြသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *