ခမ်းသားငေါဝ်း
ဇူလိုင် ၉ ၊ ၂၀၂၄

ပင်လောင်းမြို့နယ် တခါးယဉ်ရွာတွင် PNO ပြည်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးနေရကြောင်း ဒေသခံထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက် တခါးယဉ်ကျေးရွာတွင် ကင်းစောင်နေ့သည့် PNO ပြည်သူ့စစ်များအတွက် ဇူလိုင် ၄ ရက်မှစပြီး ထမင်း၊ဟင်း တစ်အိမ်(၂)ထုပ် ပို့ပေးနေရသည်၊၊

“အလှည့်ကျပို့ပေးရတာပေါ့ ထမင်းထုပ်ကို အိမ်တစ်အိမ်မှာစုပြီးသွားပို့ရတယ် သူကနေတဆင့်ကင်းစောင့်တဲ့လူကိုသွားပေးရတယ် “ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်၊၊

ထို့အပြင် ထမင်းကိုတောင်ရွာ၊ မြောက်ရွာ၊ အရှေ့ရွာ၊အနောက်ရွာဆိုပြီး အလှည့်ကျရွာသားတွေထမင်း၊ ဟင်းထုပ်ပေးနေရကြောင်း ကင်းကိုပန်ကီရွာနှင့်လိန်းညားရွာနားတွင် သွားစောင့်ပေးနေကြောင်းသိရသည်၊၊

PPV009

Leave a Reply

Your email address will not be published. Required fields are marked *