ခမ်းသားငေါဝ်း
ဇူလိုင် ၁၀ ၊ ၂၀၂၄

မိုးမြိတ်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုနှင့် လက်နက်ကြီးကြောင့် (၁၁)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီးကလေးငယ် ၂ ဦးနှင့် သံဃာတော် ၁ ပါးဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLAက ဇူလိုင်လ (၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းအချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ရွှေတောင်ဦးရွာနှင့် သရက်တောရွာသို့ လာရောက်ဗုံးကြဲတိုက်ခိုက်သဖြင့်ရွှေတောင်ဦးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၁ နှစ်အရွယ် ကလေးငယ်(၁)ဦး ပွဲချင်းပြီးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်၊၊

ထို့အပြင် သရက်တော ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီလက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဘုန်းကြီး(၁)ပါးလည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိုးကုတ်အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးနှင့် မြို့လယ်ရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

၁၀၂၇စစ်ဆင်ရေး အပိုင်း(၂) (၁၅)ရက်အတွင်း စစ်ကောင်စီဖက်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်းအရပ်သား (၅၀)ဦးသေဆုံးခဲ့ပြီး (၇၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *