ခမ်းသားငေါဝ်း
ဇူလိုင် ၉ ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၃)ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး နောင်ချို၊သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLA က ဇူလိုင်လ (၈)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယမန်နေ့ မနက်ပိုင်း (၄း၄၄)အချိန်တွင် တအောင်းတပ်မတော်TNLA၊ MDY PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ ဒုံးတပ်(၆၀၆)တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ(၇)ရက်နေ့ ညနေပိုင်းတွင် တအောင်းတပ်မတော် TNLAမှ လက်ခုပ်ပင်စခန်း၊လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

ထို့အတူ သီပေါမြိုနယ်ရှိ သီပေါတံတားအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတို့အကြား ယမန်နေ့ နံနက် (၁၀) နာရီ (၂၀) မိနစ် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ မိုးကုတ်မြိုနယ် မိုင်တိုင် ၅ နှင့် အိုက်ဆောင်တောင်အနီးတဝိုက်တွင်လည်း တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် လပခ၊ ခလရ( ၈၈ ၁၄၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် တိုက်ပွဲ ဖြစ်ပွားရာ ၅ မိုင်တွင်လည်း စစ်ကောင်စီ တပ်၏ လေကြောင်းပစ်ကူ Jet Fighter ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၈ ရက်နေ့တွင် ကျောက်မဲမြိုနယ်ရှိ စစ်ကောင်စီတပ်၏ ခမရ (၅၀၁) စခန်းမှ လက်နက်ကြီးများဖြင့် ငြိမ်းချမ်းရေးကုန်းကို ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် မိုးမိတ်မြိုအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရွှေဇာလီရွာကို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နောင်ချိုမြိုနယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ဒုံးတပ်( ၆၀၆) စခန်း အနီးတဝိုက်ကို စစ်ကောင်စီတပ်က Y12 ဖြင့် ၈ ကြိမ်နှင့် Jet Fighter ဖြင့် နောင်ချိုမြိုအတွင်း စာသင်ကျောင်းကို (၁) ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

#PPV008

You missed