ခမ်းသားငေါဝ်း
ဇူလိုင် ၉၊ ၂၀၂၄

လွိုင်ကော်အရှေ့ကက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသုံးပစ္စည်းများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းတွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့်စာသင်ကျောင်းတစ်ခုတွင် စာသင်ကြားပေးမည့် ဆရာ၊ဆရာမ နှင့် ကျောင်းသုံးပစ္စည်းများလိုအပ်နေသည်။

” အဓိကကတော့ ဆရာဆရာမ နဲ့ ကျောင်းသုံးပစ္စည်းအချို့ လိုအပ်နေတယ်၊ ဒီမှာကမပြည်စုံသေးဘူး၊ လောလောဆယ် ဆရာမ ၃ ယောက်ပဲရှိသေးတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကျောင်းတွင် ကျောင်းသား ၃၀ ဦးရှိပြီး ဆရာမ ၃ ယောက်သာရှိကြောင်း၊ ကလေးအရေအတွက် များလာသောကြောင့် လာမည့်နှစ်တွင်လည်း တိုးချဲ့ဖွင့်လှစ်သွားဖို့ရှိကြောင်း ၎င်း ကဆက်ပြောသည်။

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စာသင်ကျောင်း ၄၀ ကျော်ဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမ ဦးရေ၊ ကျောင်းအသုံးအဆောင်များ လိုအပ်နေဆဲ ဖြစ်ကြောင်းသိရသည်။

ပုံ၊ ကန္တရဝတီတိုင်း(မ်)

PPV 003

Leave a Reply

Your email address will not be published. Required fields are marked *