ခမ်းသားငေါဝ်း
ဇူလိုင် ၈၊ ၂၀၂၄

ထီးယွန်ရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ၊ မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်သူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ထီယွန်းရွာရောက် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများနှင့် မိုးရာသီဖြစ်သည့်အတွက် အမိုးမိုးရန်မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိသည်။

“သူတို့က ဆရာတော်ကြွတဲ့နောက်ကို လိုက်သွားတာ။အဲဖက်ရွာခံတွေတော့ တဲတွေ ဆောက်ထားပေးတယ်။ ခုတော့ဆရာတော် ဘုရားတောင်ကနေသယ်လာတဲ့ ရိက္ခာနဲ့ဖြေရှင်းနေတယ်။ စုပေါင်းချက်စားကြတယ်။ ကြာရင် စိုးရိမ်ရတယ်။ အလှူရှင်လာတာလည်း မရှိဘူး”ဟု စစ်ရှောင်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထီယွန်းရွာတွင် တရွတ်မွူး၊ ဆောင်းပြောင်း၊ ဗန်းမောက်ရွာမှ ဒေသခံများစစ်ဘေးရှောက်လာကြခြင်းဖြစ်ပြီး စစ်ရှောင်အဝင်အထွက်များသောကြောင့် စစ်ရှောင်ဦးရေ အတိအကျမသိရသေးကြောင်း သိရသည်။

“ဒီမှာလိုက်နေကြတာကအဝတ်တစ်ထည်ကိုယ်တစ်ခုတွေများတယ်။ စားသောက်ရေးအတွက်လာလှူတာ မရှိသေးဘူး”ဟု ၄င်းကဆက်ပြောသည်။

ပင်လောင်းမြို့နယ်တွင် တိုက်ပွဲကြောင့် အရပ်သား၂၅၀၀၀ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYOထုတ်ပြန်ချက်အရသိရသည်။

#PPV005
#လူ့အခွင့်အရေး

Leave a Reply

Your email address will not be published. Required fields are marked *