ခမ်းသားငေါဝ်း
ဇူလိုင် ၈ ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ ၁၃ ရက်အတွင်း အရပ်သား ၄၉ ဦးသေဆုံးခဲ့ပြီး ၆၇ ဦီးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဇူလိုင် ၇ ရက်ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကျေးရွာ၌ စစ်ကောင်စီလက်နက်ကြီးတစ်လုံးကျ ရောက် ပေါက်ကွဲမှုကြောင့် အသက် (၆၃)နှစ်အရွယ် ဉီးမောင်မောင်၊ အသက် (၄၀) နှစ်အရွယ် ဒေါ်ယာအီ ပွဲချင်းပြီးသေ ဆုံးပြီး (၄) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။
ထို့အတူ ဇူလိုင်လ (၇) ရက် နေ့လည် (၁း၀၀) နာရီအချိန် မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၁ နှစ်အရွယ် ဉီးထွန်းလက်၊ အသက် ၂၆ နှစ်အရွယ် အောင်ကျော်မြင့်နှင့် အသက် ၅၇ နှစ်အရွယ် ဒေါ်စောခင် ဆိုသူ (၃) ဉီးထိမှန်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ထို့အပြင် ဇူလိုင်လ(၆) ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅) ၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဉီးသေဆုံးသွားပြီး (၃) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် လားရှိုးမြို့နယ် နမ့်နွန်းရွာတွင်လည်း နေ့လည်း (၁) နာရီအချိန်၌ ကျည်ထိမှန်မှုကြောင့် အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု TNLA က ကောက်ယူထားသည့်စာရင်းများအရသိရသည်။
PPV0010