ခမ်းသားငေါဝ်း
ဇူလိုင် ၈၊ ၂၀၂၄

The People ‘s Voice ခမ်းသားငေါဝ်းသတင်း Share သူတစ်ဦး၏မိသားစုကို PNO ပြည်သူ့စစ်က ယနေ့မနက်တွင် ခေါ်ယူစစ်ဆေးပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သတင်း Share သူကဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြှောက်ဖက်ကျေးရွာ တစ်ရွာတွင် The People ‘s Voice ခမ်းသားငေါဝ်းသတင်းငှာနမှ ရေးသားတင်ထားသည့် သတင်းကို Share သဖြင့်မိသားစုကို PNO ပြည်သူ့စစ်က ခေါ်ယူစစ်ဆေးပြီးခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

“ပထမတခါကတော့ပြောတယ်။ နင်လိုင်းပေါ်မှာ လျှောက်တင်၊ လျှောက် Share ရင် နင့်အမေနင့်ဆွေမျိုးကိုဒုက္ခပေးမယ်လို့ သူတို့ ပထမတစ်ခေါက်ပြောတယ်။ ကျွန်တော်လည်းထိုင်းသွားလိုက်တယ် ခုခမ်းသားငေါဝ်းက သတင်းတွေကို ထပ် Share တော့ သူတို့ ကျွန်တော်အဖေအမေတွေကိုခေါ်ပြီး ပြောတယ်။ ကျွန်တော်ကိုတွေ့ရင်တော့သတ်မယ့်ပုံပါဘဲ”ဟု ကြုံတွေ့ရသူက ခမ်းသားငေါဝ်းသတင်းငှာနကိုပြောသည်။

ခြိမ်းခြောက်ခံရသောသူသည် ထိုင်းရောက်နေသော်လည်း PNO ပြည်သူ့စစ် ကအကြိမ်ကြိမ် ခြိမ်းခြောက်ခြင်းကြောင့် ရွာထဲကျန်ခဲ့သည့် ၄င်းမိသားစုဆွေမျိုးများကို စိတ်ပူစိုးရိမ်ရကြောင်းလည်း၄င်းကဆက်ပြောသည်။

ပင်လောင်းမြို့နယ်ကျေးရွာဖက်တွင်လည်း The People ‘s voice ခမ်းသားငေါဝ်းသတင်းဌာနကို မကြည့်ရန်၊ မဖတ်ရန်၊ မ Share ရန်အတွက် PNO ပြည်သူ့စစ်က ပြောထားတာရှိကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *