ခမ်းသားငေါဝ်း
ဇူလိုင် ၈၊ ၂၀၂၄

ကလော မြို့နယ် ကမ်းပါးနီအုပ်စု ကန်တမ်းရွာအရှေ့ဖက်(၁)မိုင်ခန့်အကွာ လယ်ကွက်အနီးတွင် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးအလောင်းတွေ့ခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ၊အောင် ပန်းမြို့အနီး ကမ်းပါးနီးအုပ်စုကန်တမ်းရွာအရှေ့ဖက်(၁)မိုင်အကွာ လယ်ကွက်အနီးရှိ ဇူလိုင်လ ၇ ရက်နေ့မနက်ပိုင်း ၁၀ ခွဲဝန်းကျင်အချိန်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတွေ့ခဲ့သည် ၊၊

“ကျွန်တော်တို့သူ့နာမည်နဲ့အသက်ကမသိရသေးဘူးသူသေဝာ ၂ ရက်ဝန်းလောက်ရှိပြီထင် ဒဏ်ရာမတွေ့ရ သွေးစွန်းရုံလောက်ဘဲမျက်နှာမှာမြင်ရတယ် သူ့မိသားစုဝင်တွေလာမတွေ့သေးတော့ သူ့မိသားစုဝင်ကဘယ်သူဘယ်ဝါလည်း မသိရသေးဘူး”ဟု အောင်ပန်းလူနာကူညီရေးအသင်းက ပြောသည် ၊၊

အလောင်းကို အောင်ပန်းလူနာကူညီရေးအသင်းက အောင်ပန်းဆေးရုံရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးပြီး ဇူလိုင်လ ၈ ရက်နေ့တွင်သဂြိုလ်ပေးမည်ဖြစ်ကြောင်း သိရသည် ၊၊

PPV009

Leave a Reply

Your email address will not be published. Required fields are marked *