ခမ်းသားငေါဝ်း
ဇူလိုင် ၇၊ ၂၀၂၄
စစ်ကောင်စီလက်နက် ကြီးပစ်ခတ်ပြီးပေါက်ကွဲခြင်း ကြောင့် ခြောင်ခါးရွာ နေအိမ်တစ်လုံးမီးလောင်ပျက်စီးသွား ကြောင်းသိရသည် ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ခြောင်ခါးရွာတွင် ဇူလိုင်လ ၆ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီလက်နက် ကြီးပစ်ခတ်လာပြီးပေါက်ကွဲရာမှနေအိမ်တစ်လုံးမီးလောင်ပျက်စီးသွား ကြောင်းသိရသည်။
“စစ်ကောင်စီက နောက်ဝိုးဈေးသွားလမ်းရဲ့ မြောက်ဘက် ချိုင့်ထဲ လက်နက်ကြီး(၂)လုံးပစ်သွားတာ အဲ့လက်နက်ကြီးကတန်းမကွဲဘဲ ခဏနေလောက်မှ ကွဲ ပြီး အိမ်တစ်လုံးမီးလောင်ထိခိုက်တာ မြင်ရတယ်” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည် ။
လက်နက်ကြီး ပေါက်ကွဲ မှုကြောင့် လူ တိရိစ္ဆာန် ထိခိုက်မှု ရှိမရှိအသေးစိတ်မသိရသေးပါ။
ပင်လောင်းမြို့နယ် ဆောင်းပြောင်း ဒေသတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။
#PPV009
#humanright