ခမ်းသားငေါဝ်း
ဇူလိုင်လ ၇၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ့်နိန်းရွာဘုန်းကြီး ကျောင်းကို စစ်ကောင်စီကတိုက်လေယာဉ်ဖြင့် နောက်ထပ်တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးသွားကြောင်း မြေပြင်သတင်းရင်းမြစ်ထံသိရသည်။

ရှမ်း​ပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ့်နိန်းရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဇူလိုင် ၅ ရက်နေ့တွင် ပေါင် ၂၀၀ ဗုံးသီး နှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“မနက် ၁၁ နာရီမထိုးခင်ဝန်းကျင်မှာဖြစ်တာ၊ စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်တာ၊ လူထိခိုက်သေဆုံးမှုရှိမရှိမသိရသေးဘူး” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

နမ့်နိန်းရွာအနီးနားဝန်းကျင်ရှိရွာများကိုလည်း တော်လှန် ရေး တပ်ဖွဲ့များ ရှိပါက ဗုံးကြဲတိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများလည်း ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီက နမ့်နိန်းရွာသားနှင့် သံဃာကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားရန် ဖန်းတီးခဲ့သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာနေရာသည် ပင်လောင်းမြို့တောင်ဘက်ရှိ ဆောင်းပြောင်းအနီးတဝိုက်တွင်ဖြစ်ပြီး၊ နမ့်နိန်းရွာတွင် ၂၀၂၃ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ယခုချိန်ထိ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသေးကြောင်းသိရသည်။

#Ppv002

You missed