ခမ်းသားငေါဝ်း
ဇူလိုင် ၇၊ ၂၀၂၄
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်တိုက်ပွဲ ၁၂ ရက်အတွင်း အရပ်သားသေဆုံးမှု (၄၄) ဉီးအထိရှိလာကြောင်း TNLA ထုတ်ပြန်ချက် အရသိရသည်။
ကျောက်မဲ၊နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့နှင့် လားရှိုးမြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး တအာင်းတပ်မတော်(TNLA) နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲဖြစ်ပွားပြီး ပြည်သူများသေဆုံးသည့်အပြင် (၅၇) ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
သေဆုံးမှုများသည် ကျောက်မဲတွင်(၁၇)ဉီး၊ နောင်ချိုမြို့ (၂)ဉီး၊ မိုးကုတ်မြို့ (၅)ဉီး၊ မိုးမိတ် (၁) ဉီးနှင့် လားရှိုးမြို့တွင်(၁၅) ဉီးသေ ဆုံးသွားခဲ့သည်ဟုသိရသည်။
လေကြောင်းနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားထိခိုက် ဒဏ်ရာရရှိမှုများမှာ ကျောက်မဲတွင်(၂၇)ဉီး၊ နောင်ချို (၁) ဉီး၊ မိုးကုတ် (၄) ဉီး၊ သီပေါ (၆)ဉီး လားရှိုး (၁၃) ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ပြည်သူလူထုများဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းသုံး ဗုံးကြဲခြင်းများပြုလုပ်လျှက်ရှိပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပြောထားပါသည်။
#PPV005
#humanright