ခမ်းသားငေါဝ်း
ဇူလိုင် ၆၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေကြောင်း TNLA ကထုတ်ပြန်ထားသည်။

မိုးမိတ်မြို့နယ် လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA၊ PLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈)၊ ခလရ (၂၂၃)၊ ခလရ (၂၇၆) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

နောင်ချိုမြို့တွင်လည်း တအာင်းတပ်တော် TNLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဒုံးတပ် (၆၀၆) တပ်စခန်း၌ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၁)ရက်မြောက်နေ့ထိရောက်လာခဲ့ပြီဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့က မိုးမိတ်မြို့ ရွှေသာယာတပ်စခန်းကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

#PPV003

You missed