ခမ်းသားငေါဝ်း
ဇူလိုင် ၅၊ ၂၀၂၄

လွိုင်ကော်မြို့ပေါ်ရပ်ကွက် နေရာအချို့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်ရှိ နေရာအချို့၌ ဇူလိုင်လ ၄ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

” မနေ့မနက်ပိုင်းမှာတော့ နမ့်ဘော်ဝမ် ရပ်ကွက်ဘက်မှာ တိုက်ပွဲဖြစ်တယ်၊ အပြင်းအထန်တော့မဟုတ်ဘူး၊ ကြိုကြားတိုက်ပွဲဖြစ်သွားတယ်၊ အဲ့မှာလည်း ပြည်သူအချို့ပြန်နေထိုင်နေတာရှိတယ်” ဟုတော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်သောကြောင့် ဒေသခံပြည်သူများအား မြို့တွင်းပြန်လည်နေထိုင်ခြင်းမပြုစေချင်သေးကြောင်း၊ နေထိုင်သူများအနေဖြင့်လည်း အမြဲတမ်းသတိထားပြီးနေစေချင်ကြောင်း ၎င်း ကဆက်ပြောသည်။

လွိုင်ကော်မြို့တွင် တော်လှန်ရေးအင်အားစု တပ်ဆုတ်သွားပြီ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီဟု သတင်းများကြောင့် စစ်ရှောင် ပြည်သူများနေရပ်ပြန်နေထိုင်ခဲ့ကြကြောင်ူသိရသည်။

လွိုင်ကော်မြို့ပေါ်တွင် ဒေသခံအချို့ ပြန်လည်နေထိုင်ကြပြီး စစ်ကောင်စီကလည်း အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။

လွိုင်ကော် မြို့သည်ပြီးခဲ့သည့်၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲစတင်ဖြစ်ပွားပြီး ယခုဆိုရင် ၆ လကျော်လာပြီဖြစ်ကြောင်းသိရသည်။

#PPV 003

Leave a Reply

Your email address will not be published. Required fields are marked *