ခမ်းသားငေါဝ်း
ဇူလိုင် ၅၊ ၂၀၂၄

မိုးမိတ်မြို့ရှိ ရွှေသာယာတပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၁၀ ရက်မြောက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင်လ (၄)ရက်နေ့တွင် PSLF/TNLAကထုတ်ပြန်လိုက်ပါသည်။

မိုးမြိတ်မြို့နယ်ရှိ ရွှေသာယာ တပ်စခန်းကို ဇူလိုင်လ(၃)ရက်နေ့တွင် TNLA၊ PDF(မိုးကုတ်ဗျူဟာ)ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အခြားမြို့နယ်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရပါသည်။

နောင်ချိုမြို့တွင်လည်း တအောင်းတပ်TNLA၊DPLA ၊MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဒုံးတပ်(၆၀၆)တပ်စခန်းတွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

စစ်ကောင်စီတပ်က ဘန်ကွေးရွာမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ဒုံးတပ်ရင်း (၆၀၆)စခန်းသို့ ယမန်နေ့က ဟောင်ဝိဇ္ဇာ လက်နက်ကြီး (၁၂)လုံးပစ်ခတ်ပြီး စစ်ဖြစ်ပွားရာဒေသများအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု(၁၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ မိုင်းရယ်မြို့နယ် နမ့်တုံနှင့် ကုံးမုံရွာ ဒေသဘက်ကိုလည်း စစ်တပ်က လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ပြီး တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်ကိုလည်း စစ်တပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန် နေကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *