ခမ်းသားငေါဝ်း
ဇူလိုင် ၅၊ ၂၀၂၄

မိုးကုတ်‌‌တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဘဏ်များဖောက်ထွင်းပြီး ငွေသားများနှင့် ကျောက်မြတ်ရတနာများ လုယူသွားကြောင်း PSLF/TNLAက ဇူလိုင်လ ၅ ရက်တွင်ထုတ်ပြန်လိုက်သည်။

မိုးကုတ်မြို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အနောက်ပိုင်းတိုက်ပွဲကာလတွင် စစ်ကောင်စီတပ်မှ KBZ Bankနှင့် CB bank တို့ ဖောက်ထွင်းပြီး ကျောက်မြတ်ရတနာများ စုစုပေါင်းတန်ဖိုး (ကျပ်သိန်းပါင်း နှစ်သောင်း)ဝန်းကျင် လုယူသွားကြောင်းသိရသည်။

ပြီးခဲ့သည့်ဇွန်လ၂၇ ရက်‌‌နေ့တွင် တအောင်းတပ်မတော်TNLA၊မိုးကုတ်ဗျူဟာ၊PDF(513)နှင့် ပကဖ(မိုးကုတ်)တပ်တို့ ပူးပါင်းပြီးစစ်ကာင်စီတပ်စွဲထားသည့် ဒေါ်နန်းကြည်တောင်စခန်း၊ရွှေလိပ်ပြာစခန်း၊ရွှေမျက်ဝန်းစခန်းအား တိုက်ခိုက်သည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြို့အတွင်း ကျပ်ပြင်ရဲစခန်းနှင့် ဘဏ်များတွင်ခိုအောင်းနေကြောင်း သိရသည်။

တအောင်းတပ်TNLAနှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းရာတွင် ဘဏ်အတွင်းခိုအောင်းနေသည့် စစ်ကောင်စီတပ်များကို တွေ့ရှိ ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်က KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက် မြတ် ရတနာများ ဖောက်ထွင်းယူဆောင်သွားကြောင်း အထောက်အထားများ တွေ့ရှိရပြီး စစ်ကောင်စီအလောင်း တစ်ဦးချင်းစီ၏ ကျောပိုးအိတ်တွင်လည်း ငွေသား သိန်း ၅၀ နှင့် ကျောက် မျက်ရတနာများ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

မိုးကုတ်မြို့ရှိစစ်ကောင်စီတပ်ဖွဲ့များက တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈) ၊ ခလရ (၇၈) ၊ ခလရ ၁၄၈ နှင့် မိုးကုတ်ဗျုဟာတို့ တပ်စွဲ အခြေချခဲ့ကြပြီး တိုက်ပွဲကာလအတွင်း အဆိုပါတပ်များက KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက် မြတ် ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ဖောက်ထွင်းယူဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

#PPV008
#မိုးကုတ်

Leave a Reply

Your email address will not be published. Required fields are marked *