ခမ်းသားငေါဝ်း
ဇူလိုင် ၅ ၊ ၂၀၂၄

နမ္မတူမြို့နယ်တွင် ဇူလိုင်လ ၄ ရက်‌နေ့အထိ ခရမ်းချဉ်သီး တစ်ပိဿာကို ၁ သောင်း ၂ ထောင်ကျပ်ထိ စျေးမြင့်တက်လာကြောင်း ဒေသခံထံက သိရသည်။

ရှမ်း‌‌ပြည်မြောက်ပိုင်းနမ္မတူမြို့နယ်တွင် ဇူလိုင် ၂ ရက်နေ့က ခရမ်းချဥ်သီး ၁ ပိဿာကို ၁ သောင်းကျပ် ရှိ‌ရာကနေရက်ပိုင်းအတွင်းမှာပဲ ၁ သောင်း ၂ ထောင်ကျပ်အထိ ဈေးနှုန်းမြှင့်တက်သွားသည်။

ဈေးသည် အမျိုးသမီးတစ်ဦးက “ပြီးခဲ့သည့်ဇွန်လ ၂၃ ရက်နေ့ကဆိုရင် ခရမ်းချဉ်သီးက တောင်ကြီးဘက်မှာကတည်းက တက်တာ၊ အခုဆို ကားတွေ ဝင်လို့တောင်မရတော့ဘူး၊ ညကုန်တွေ ပြတ်မသွားအောင်ဆိုပြီး ကုန်ဈေးနူန်းတွေ နည်းနည်းတင်ပြီးရောင်းလိုက်တယ်” ဟုပြောသည်။

လက်ရှိရောင်းချနေတဲ့ ခရမ်းချဉ်သီးတွေဟာ အသစ်ဝင်လာတဲ့ အသီးတွေမဟုတ်ဘဲ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း မစခင်ကတည်းက လှောင်ထားသည့် အသီးများဖြစ်ကြောင်း သိရသည်။

ခရမ်းချဉ်သီးအပြင် အာလူးလည်း တစ်ပိဿာကို ကျပ် ၃ ထောင်ကနေ ၄ ထောင် ၅ ရာကျပ်နှင့် ကြက်သွန်ဖြူ တစ်ပိဿာကို ၁ သောင်း ၂ ထောင်ကနေ ၁ သောင်း ၅ ထောင်ကျပ်အထိ ဈေးတက်သွားသည်။

ရှမ်းမြောက်ပိုင်းတွင်ခုတလော ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကုန်စည်စီးဆင်းသည့်လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ဖြတ်တောက်ခံထားရပြီး ၊အခြေခံစားသောက်ကုန်တွေအပြင် စက်သုံးဆီတွေကိုလည်းလိုအပ်သလောက် ဝယ်ယူလို့မရပဲ ဖြစ်နေကြောင်းသိရသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *