ခမ်းသားငေါဝ်း
ဇူလိုင် ၅၊ ၂၀၂၄

တခါးယဥ်ကျေးရွာသို့ တိုက်ပွဲကူးစက်ဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများကြိုတင် တိမ်းရှောင်နေရကြောင်း သိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တောင်ဖက်တွင် တစ်ရက်ပြီးတစ်ရက်တိုက်ပွဲ ပြင်းထန်လာပြီး တခါးယဥ်ဒေသခံများလည်း တိမ်းရှောင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

“တိုက်ပွဲဧရိယာကတဖြည်းဖြည်းကျယ်လာတော့ ပြည်သူတွေလည်းစိုးရိမ်ကြတယ် အမျိုးရှိတဲ့သူတွေဆို အမျိုးနားအ‌ရေးကြီးပစ္စည်းတွေသွားထားကြတယ် တချို့ပိုက်ဆံရှိတဲ့လူတွေကြအိမ်ကြိုငှားကြတာတွေ ပစ္စည်းကြို‌ရွှေ့ကြတာတွေရှိတယ်”ဟု အမည်မဖော်လိုသူတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ပင်‌လောင်းမြို့တောင်ဖက်တွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကစစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြသည်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူ အများအပြားစစ်​ဘေး တိမ်းရှောင်နေရကြောင်းလည်း သိရပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *