ခမ်းသားငေါဝ်း
ဇူလိူင် ၅၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် စစ်တပ်ကအဆိပ်ငွေ့ဗုံး ၃ လုံးအသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရကြောင်း TNLA က သတင်းထုတ်ပြန်သည်။

TNLA တပ်ဖွဲ့ဝင် ၈ ဦး အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်း ခံစားနေရကြောင်း သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့ကလည်း နောင်ချိုရှိ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်စဉ် စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၁ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ထို့အပြင် ဇူလိုင်လ ၄ ရက်နေ့တွင် အဆိပ်ငွေ့ ဗုံး ၃ လုံးကို အသုံးပြုခဲ့ရာ စုစုပေါင်း အဆိပ်ငွေ့ ဗုံး ၄ လုံးကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *