ခမ်းသားငေါဝ်း
ဇူလိုင် ၄ ၊ ၂၀၂၄
PNOပြည်သူစစ်က ထမ်းယံတိုင်ရွာသားတစ်ဦးကို ရွာလယ်ခေါင်တွင်ပစ်သတ်ပြီး တစ်ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLAထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထမ်းယံ တိုင်ရွာ၌ဇွန်လ ၃ ရက်နေ့တွင် PNO ပြည်သူစစ်က ခွန်တငွေကို ရွာလယ်ခေါင်တွင်ပစ်သတ်ပြီး ခွန်မောင်ပေကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ယခုထိ အဆက်သွယ်များ မရသေးကြောင်း သိရသည်။
“ပြည်သူ့စစ်က လူမျိုးစုကို ကိုယ်စားပြုတဲ့တပ်မဟုတ်တော့ လူထုကို လွယ်လွယ်ကူကူနဲ့သတ်ဖြတ်နေတာ။ ပြည်သူ့စစ်ဆိုတဲ့အမျိုးက စစ်ကောင်စီရဲ့ကွပ်ကဲမှုအောက်မှာရှိတယ်။ စစ်ကောင်စီရဲ့လက်အောက်ခံဖြစ်တယ်။ ဒါကြောင့်စစ်ကောင်စီကိုဘဲကိုယ်စားပြုပါတယ်။ စစ်ကောင်စီကအကြမ်းဖက်တပ်ဖွဲ့ဖြစ်နေတော့ လူထုကို ဒီလို လွယ်လွယ်ကူကူသတ်နေတာတော့ ဆန်းတဲ့အရာ မဟုတ်တော့ပါဘူး”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။
ပစ်သတ်ခံရသည့် ခွန်တငွေ၏ အလောင်းကို ယမန်နေ့ ညနေခင်းတွင် ပြည်သူများက PNOပြည်သူ့စစ်ခြိမ်းခြောက်နေသည့်ကြားမှ ပြန်လည်ရယူနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပြောထားပါသည်။
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များသည် ယခုတွင် ထမ်းယံတိုင်ရွာတွင် တပ်စွဲနေဆဲဖြစ်ပြီး ရွာသားများကို ခုထိရွာပြင်ပေးမထွက်ကြောင်းသိရသည်၊၊
#PPV005