ခမ်းသားငေါဝ်း
ဇူလိုင် ၃၊ ၂၀၂၄

လွိုင်ကော်မြို့ သီရိမင်္ဂလာစျေးခေါ် တောင်စျေးကို ယာယီပြန်လည်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့တွင် တိုက်ပွဲအတွင်းမီးလောင်ပြာကျသွားခဲ့သော သီရိမင်္ဂလာစျေးခေါ် တောင်စျေးကို ယခုပတ်အတွင်း ယာယီစျေးအဖြစ်ပြန်လည်ဖွင့်လှစ်ထားသည်။

” ဒီရက်ပိုင်းအတွင်းပဲ ပြန်ဖွင့်ထားတယ်၊ အနည်းကျဥ်းလေးပဲရောင်းဝယ်နိုင်ကြသေးတယ်၊ ယာယီစျေးလိုပုံစံမျိုးပါပဲ၊ မြန်မြန်ပြန်ပြီးအေးချမ်းလာရင်တော့ အရမ်းကောင်းမှာပဲ ” လို့ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လွိုင်ကော်မြို့တွင် လုံခြုံရေးအပြည့်အဝ စိတ်ချရခြင်းမရှိသေးသော်လည်း စစ်ဘေးဆက်ရှောင်ဖို့အခက်အခဲ ဖြစ်နေသည့်ဒေသခံအချို့ ပြန်လာနေထိုင်ကြပြီ ဖြစ်ကြောင်း၊ ဖုန်းလိုင်း လည်းနေရာ တော်တော်များများမိနေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လွိုင်ကော်မြို့တွင် မြို့ပေါ်အုပ်ချုပ်ရေးယန္တရားများပြန်လည် လည်ပတ်နိုင်ရန်စစ်ကောင်စီက ငှာနဆိုင်ရာအလိုက်ဝန်ထမ်းများပြန်လည်ခေါ်ယူနေလျှက်ရှိကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *