ခမ်းသားငေါဝ်း
ဇူလိုင် ၄ ၊ ၂၀၂၄

လားရှိုးတွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံပြည်သူအမြောက်အများပိတ်မိနေကြကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ဇွန်လ ၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်နေပြီးလက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြပြီးပြည်သူများ ပိတ်မိနေသည်။

”ဒီဘက်ကလည်းလက်နက်ကြီးတွေလှမ်းပစ်၊ ဟိုဘက်ကလည်း လှမ်းပစ်နေကြတာ တစ်နေ့လုံးပဲ၊ မြို့ထဲလက်နက်ကြီးတွေကျပြီး လူတွေထိခိုက်သေဆုံးတာတွေလည်းရှိတယ်၊ လမ်းတွေကလည်းပိတ်ထားတော့ ထွက်လို့မရသေးဘူး” လို့ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ကြိုမသိဘဲ ရုတ်တရက်ကြီး ဖြစ်လာတဲ့အခြေအနေကြောင့် ရှောင်ဖို့၊ ပြင်ဆင်ဖို့ခက်ခဲကြောင်း ၎င်း ကဆက်ပြောသည်။

နမ့်ပေါင်မြို့ကို ဖြတ်သွားသည့် လမ်းတစ်ခုတည်းသာအသုံးပြုနေကြတာဖြစ်ပြီး၊ နမ့်ပေါင်တွင်တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ယခုချိန်ထိ ပြည်သူများထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *