ခမ်းသားငေါဝ်း
ဇူလိုင် ၄ ၊ ၂၀၂၄

လားရှိုးမြို့တွင် လက်နက်ကြီးကျ‌ရောက်မှုကြောင့် သားအမိနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းအချိန်တွင် နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျရောက်ခဲ့သည့်အတွက် သားအမိနှစ်ဦး သေဆုံးသွားသည်။

“လက်နက်ကြီးကနေ့တိုင်းပစ်နေကြတယ် နေ့တိုင်းလည်းကြားနေရတယ် မနေ့ကလည်းသေတယ် ဒီမနက်လည်း ထပ်ကျတော့ထပ်သေတယ် မြို့ကနေလည်းထွက်လို့မရဘူး ကြောက်ကလည်းကြောက်တယ် အိပ်လို့လည်းမရ စားလည်းမဝင်ဘူး ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဇွန်လ ၃ ရက်နေ့တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင်း မိသားစုဝင် ၆ ဦးနှင့် ဒေခံနောက်တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း TNLA ကထုတ်ပြန်ထားသည်၊၊

လားရှိုးမြို့တွင် ဇွန်လ ၃ ရက်နေ့မနက်ပိုင်းမှစ၍ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကာ ဒေသခံပြည်သူများပိတ်မိနေကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *