ခမ်းသားငေါဝ်း
ဇူလိုင် ၃၊ ၂၀၂၄

မဲနယ်တောင်ဒေဒတွင် PNO ပြည်သူ့စစ်အပြင် စစ်ကောင်စီလည်း စစ်မှုထမ်းရန် ခေါ်ယူနေခြင်းကြောင့် ဒေသခံများအခက်အခဲကြုံတွေ့နေရကြောင်း ဇူလိူင် ၃ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင် ဇွန်လအတွင်း PNO ပြည်သူ့စစ်အပြင် ၊စစ်ကောင်စီလည်း စစ်မှုထမ်းခေါ်ယူနေသည့်အတွက် ဒေသခံများအခက်အခဲကြုံနေရသည်။

“စစ်မူထမ်းတာတော့ စာရောက်လာပြီ သတင်းတော့ ထပ်မထူးသေးဘူး။ PNOပြည်သူ့စစ်ခေါ်တာကျတော့ လူငှားပြီးသွားခိုင်းတယ်။ တစ်ရက်ကို ၃ သောင်းငှားပြီးသွားခိုင်းတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လူငှားရန်အတွက်လည်း တစ်အိမ် ၅ သောင်းကျပ်ကို မကြာခနကောက်ခံနေကြောင်း ၄င်းကဆက်ပြောသည်။

နောက်ဒေသခံတစ်ဦးကလည်း “တစ်နေ့လုပ်တစ်နေ့စားတဲ့ လူတွေကအတွက်က အဆင်မပြေမှုအရမ်းဖြစ်စေတယ်။ ၅သောင်းဆိုတဲ့ပမာဏက သူတို့အတွက် နည်းတဲ့ပမာဏမဟုတ်ဘူးလေ။ ပြီးရင် ခုကကုန်စျေးနှုန်းအရမ်းတက်တဲ့ကြားမှာ ရပ်ရွာလုံခြုံရေးဆိုတဲ့ နမည်တပ်ပြီး သူတို့ကောက်တာအရမ်းများနေပြီ”ဟုခမ်းသားငေါဝ်းကိုပြောသည်။

မဲနယ်တောင်ဒေသ စံဖူးကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၁ လရက်နေ့၌ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ယာဉ်တန်းကိုစစ်ကောင်စီနှင့် PNOပြည်သူ့စစ်က တားဆီးခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သေးကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *